ကိုကိုဇော်(ပျဉ်းမနား)

My photo
ချစ်ရသူနဲ့ပေါင်းဖက်လိုပါ၏..

Friday, August 10, 2012

အလဲအကွဲ


ရင်နဲ့ရင်းပြီးချစ်တယ်
နှောင်ကြိုးမပါဘူး
နှလုံးသားနဲ့ရင်းပြီး....ကစားတဲ့ကစားပွဲ
ငါအလဲအကွဲ...
အသည်းခွဲဖို့မရည်ရွယ်ပဲ
အသည်းကွဲခဲ့တယ်......
... စကားလုံးတွေမပီတော့ဘူး
အာရုံ တွေေ၀၀ါးလာပြီ
မြင်ကွင်းတွေမကြည်တော့ဘူး
ပါးထက်မှာ...ရေနွေးငွေ့စီးကြောင်း
နှုတ်ခမ်းထက်က...အပြုံးတုအောက်မှာ
ဖုံးအုပ်....
မင်းမမြင်ပါစေနဲ့...ငါ့ဆုတောင်း
ကြယ်ကြွေညတွေငေး....မောရင်း.
အခန်းလေးဒေါင့်ကပ်ကာ....ရှိုက်မော
ငါ့....သက်ပြင်းမောတွေ....ဒီဘ၀ဒီမျှကြေပါစေတော့.....


No comments:

Post a Comment