ကိုကိုဇော်(ပျဉ်းမနား)

My photo
ချစ်ရသူနဲ့ပေါင်းဖက်လိုပါ၏..

Friday, August 10, 2012

သိမ်းထားခွင့်


ချစ်သူဓါတ်ပုံလေး
ငါ့ငေးကြည်ရင်း 
 ဖျောက်ဖျက်လို့ မရတဲ့
သူအကြောင်းတွေကိုတွေးနေမိတယ်..... 
မယုံနိုင်လောက်အောင်လွမ်းဆွတ်မှုကို

အံသြစွာ
မျိုသိပ်ထားခဲ့ရသူပါ....

ချပြခွင့်မရှိတဲ့
လွမ်းချင်းတွေကို

တမ်းတချင်း
ကဗျာတစ်ပုဒ်အဖြစ်

ငါ...
ရေးသားမိနေတယ်.....

ကျေနပ်စွာနေခဲ့သူ
မဟုတ်ခဲ့ပေမဲ့

ဖြစ်သလို
နေခဲ့ရသူပါ....

လိုချင်တတ်မက်မှုထက်
စွန့်လွှတ်ချင်းသာ

ကံတရားပေးခဲ့တော့...
အဖြေမရှိတဲ့ညတွေဆို

ကလေးတစ်ယောက်လို့
ငိုရှိုက်နေမိတယ်.....

မမျှော်နေမှန်းသိပေမဲ့
မျှော်နေခဲ့သူပါ... 


သတိမရမှန်းသိပေမဲ့သတိရနေခဲ့တာပါ...

မေ့နေလောက်ပြီဆိုတာ သိပေမဲ့


မေ့မရခဲ့သူပါ....


ပြန်မလာတော့ဘူးဆိုတာ သိပေမဲ့


စောင့်နေခဲ့သူပါ...
အမှတ်တရဆိုလို့ 

မင်းပုံလေးတွေသာ
ငါအနားမှာ

တယုတယ
သိမ်းထားခွင့်ရှိနေခဲ့တယ်..
.

No comments:

Post a Comment