ကိုကိုဇော်(ပျဉ်းမနား)

My photo
ချစ်ရသူနဲ့ပေါင်းဖက်လိုပါ၏..

Friday, August 10, 2012

ရူးသွပ်ခြင်း


မင်းမျက်လုံးနဲ့ဆုံ
ငါရင်ခုန်တာ
ခဏလေးပါပဲ
မင်းပေးတဲ့အပျော်
... ငါပျော်ပါတယ်
ခဏလေးပါပဲ
မင်းကိုငါချစ်တာလဲ
ခဏလေးကပဲ
ချစ်ခဲ့တာပဲ ခုတော့...
ဆောင်းလယ်အိပ်မက်
မက်တဲ့ည
နွေလယ်ရင်ခွင်ကို
ပိုက်ထားတဲ့နေ့
အလွမ်းမိုးတွေသည်းတဲ့
ညက
ငါ့မျက်ဝန်းမှာ
မျက်ရည်တွေနဲ့......အချစ်ဆိုတာ
ပေးဆပ်ခြင်းနဲ့
ရယူခြင်းကြားက
ငါမပိုင်ခဲ့တဲ့
စွန့်လွှတ်မှုတစ်ခု
မိုက်မဲမှုကင်းတဲ့
ရူးသွပ်ခြင်းကစားပွဲ
တစ်ယောက်တည်း
ငါရူးသွပ်စွာဆော့ကစားနေတုန်းပဲ 
 

No comments:

Post a Comment